Below are a few words from students and parents who have studied with EDUSN.
"ကျွန်မ သမီး ၂ ယောက် EDUSN မှာ တက်တာ နှစ်ဝက်ကျော်လာပါပြီ ကလေး ၂ ယောက်လုံး တကယ်ကို အဆင်ပြေကြလို့ သင်ပေးတဲ့ ဆရာမတွေနဲ့ ကျောင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ရပါတယ် ကျောင်းဘက်ကနေ ကလေးတွေအတွက် လိုအပ်မယ်ထင်တာလေးတွေ Extra Class တွေဖွင့်ပြီး သင်ကြားပေးတာ ကလေးတွေအပေါ် စေတနာထားတာတွေကို မြင်ရပါတယ် EDUSN ကျောင်း ဒီ့ထက်မက အောင်မြင်ပါစေရှင် "
Parent
"ဆရာရဲ့စေတနာကိုယုံကြည်တာရယ် EDUSN က ဆရာ ဆရာမတွေရဲ့ အသင်အပြကောင်းမှုတွေရယ်ကြောင့် ကျွန်မသားလေးနဲ့အတူ ကျွန်မတို့အမျိုးတွေ EDUSN ကိုဘဲ ရွေးချယ်တက်ဖြစ်ကြပါတယ် Extra class တွေထည့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ဝမ်းသာရပါတယ် ကျွန်မသားလည်း အတော်တိုးတက်လာပါတယ် ကျွန်မတို့လိုမိဘတွေအတွက် ဒီကျောင်းလေးပေါ်ပေါက်လာတာ အရမ်းကျေးဇူးတင်ပါတယ် EDUSN ဒီထက်ပိုအောင်မြင်ပါစေ အခက်အခဲတိုင်းလည်း အောင်မြင်စွာဖြေရှင်းနိုင်ပါစေရှင် EDUSN ရဲ့အောင်မြင်မှုကို ရေရှည်ထိမ်းထားနိုင်ပါစေရှင်"
Student
"ကျမ သားလေး က မျက်မှန်ပါဝါသမားမို့ ရေရှည် မှာ on campus နဲ့ မှ ပိုပြီး အဆင်ပြေမယ်လို့ ယူဆပါတယ်။ လက်ရှိ လည်း EDUSN ကျောင်းသား မို့ on campus ဖွင့်ဖို့ကို အများကြီး မျှော်လင့်နေပါတယ်ရှင်။ သားလေး က coding ပိုင်း ကို ပိုမိုစိတ်ဝင်စားလာပြီး web project ဆရာလေး ၏ သင်ကြားမူအပိုင်း ကိုလည်းသဘောကျမိပါတယ်။ မိဘ ဆရာ တွေ့ဆုံမူ လေး ကို တော့ အတန်းတွင်း ကလေး၏ အခြေအနေ ကို ဆွေးနွေးအသိပေးတာမျိုး တစ်လ တစ်ကြိမ်လောက် လုပ်ပေးစေလိုပါတယ်။ Monthly minor exam လေးတွေ ကိုလည်း Chapter တစ်ခု Unit တစ်ခု ပြီး တိုင်း စစ်ဆေးစေချင်ပါတယ်ရှင်။ မြန်မာကျောင်း ကနေ ယခုနှစ် မှ ပြောင်းလာတဲ့ ကျမ သားလေး အတွက် အစပိုင်းမှာအခက်အခဲတွေ ရှိပေမယ့် စာသင်နှစ်ဝက် အတွင်း အတော်လေး စာလိုက်နိုင်ပြီး ပျော်ရွှင်လာတာ တွေ့ရလို့ မိဘ တစ်ဦး အနေနှင့် သား ၏ တိုးတက်မူ ကို အထိုက်အလျောက် ကျေနပ်မိပါတယ်ရှင်။ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီး နှင့် Admin များ အားလုံး ကို ကျေးဇူးတင်ပါတယ်ရှင်။ EDUSN ဆထက်တိုး၍ အောင်မြင်မူများရရှိပါစေရှင်..."
Parent
"သမီးလေးက ကျောင်းစတက်နေ့က စပီး ပျော်ရွှင်စွာ စာသင်နေတာတွေ့ရတော့ တကယ်ကြည်နူးမိပါတယ်။ အတန်းဖော်သူငယ်ချင်းတွေအချင်းချင်းလည်း ခင်မင်ရင်းနှီးပီး ပြောဆိုနေကြတာလည်း အရမ်းကျေနပ်စရာကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။"
Lae Yinwin
"အရမ်းလဲ၀မ်းသာရပါတယ်ရှင်ဒီကျောင်းလေးကိုအပ်မိတာ...ဆရာ/ဆရာမတွေရဲ့ကလေးတွေကို Care လုပ်ပီးတကယ်ချစ်တာမြင်ရတော့ စိတ်ချမ်းသာပါတယ် တကယ်တော့ကလေးတွေကသူတို့ကို သေချာပြောပြရင်အရမ်းနားထောင်ပီး...အရမ်းလိမ်မာယဥ်ကျေးကြပါတယ်...ဆရာကြီးရဲ့စေတနာကိုလဲဒီစာလေးတွေဖတ်ပီးမြင်ရတာအတိုင်းမသိပါဘဲ😍ဒီအတိုင်းဆက်သွားပီးမိဘတွေရဲ့အသံနဲ့ကလေးတွေအပေါ် ဒီအတိုင်းဆက်သွားရင်အရမ်းအောင်မြင်ပီးထိပ်ဆုံးရောက်မှာပါ....အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏"
Student
"ကျေးဇူးတင်ပါတယ်ရှင့် ကျမသားလေးကြည့်ပီးတိုးတက်လာလို့ဝမ်းသားရပါတယ်ရှင့် EDUSN တိုးတက်အောင်မြင်ပါစေ"
Parent
"online classဆိုသော်လည်းformal schoolတွေထက်သာနေတယ်လို့ပြောရင်လွန်မည်မထင်ပါ changeကို ရအောင်လုပ်ပြနိုင်ခဲ့ပါသည် "
Naing Zaw
"If you are asking for change, just choose EDUSN, and hopefully you will have the same good experience as I did."
Student
"Edu မှာ သင်ကြားခွင့်ရတဲ့အတွက် အရမ်းကိုကံကောင်းပါတယ် သင်ကြားပေးတဲ့ဆရာတွေကလည်း စိတ်ရှည်ရှည်နဲ့ တစ်ယောက်ချင်းနားလည်တတ်မြောက်အောင် သင်ကြားပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည် Edusnမှ ဆရာကြီး နှင့် ဆရာ/ဆရာမ တာဝန်ရှိသူများအားလုံးကို လေးစားလျက်ပါ"
Parent
"online classဆိုသော်လည်းformal schoolတွေထက်သာနေတယ်လို့ပြောရင်လွန်မည်မထင်ပါ changeကို ရအောင်လုပ်ပြနိုင်ခဲ့ပါသည် အစစအရာရာဂရုစိုက်ကြပါ"
Naing Zaw
"I enjoy every second of it. I had a lot of support from the team and the assignments were written in a way that suited everyone at all levels."
Student
"အသင်အပြလည်းကောင်း၊ကလေးတွေကိုလည်းတတ်သိနားလည်အောင်သင်ပေးတဲ့အတွက်လည်း EDUSN ကိုကျေးဇူးအထူးတင်ပါတယ်ရှင့်"
Yadanar
" Year 1 နှင့် Year 9 သားနှစ်ယောက် ကို EDUN ကျောင်းမှာ ထားခဲ့တာ အဆင်ပြေပါတယ် year 1 သင်ပေးတဲ့ ဆရာမ တီချယ်TN ဆို သိပ်တော်တာပဲ စိတ်ရှည်ပြီး အသင်ပြကောင်းလို့ မိဘအနေနဲ့ စိတ်ချမ်းသာရပါတယ် သားတို့အတွက်ကျောင်းရွှေချယ်မှူ မှန်လို့ စိတ်ချမ်းသာရပါတယ်ရှင် ကျေးဇူးတင်ပါတယ် EDUSN "
Parent
"ကျမ သမီးက Year 6 ကျောင်းသူပါ။ ပထမဆုံးကျောင်းစတက်တဲ့အတွက်စိတ်လှုပ်ရှားနေပေမဲ့ပျော်နေတာကိုတွေ့ရပါတယ်။EDUSN ကျောင်းကိုလည်း သမီးကို အပ်ပါတယ်ရှင်။ကျေးဇူးပါ။"
Parent
"အောင်မြင်ပါစေ ဆရာ သား က year 1 (sangria) မှာတက်နေတာပါ. အဆင်ပြေပါတယ် ဆရာ အသိမိတ်ဆွေတွေ ကိုလည်း ကျောင်းနဲ့ပက်သတ်ပြီး စေတနာရှိကြောင်း အဆင်ပြေကြောင်းသေချာပြောပြပါတယ် ဆရာ.EDUSN ဆက်လက်တိုးတက်အောင်မြင်ပါစေ😊"
Nangkham Mai
" တကယ်အဆင်ပြေတဲ့ကျောင်းပါရှင်၊ နောက်နှစ်တွေလဲ ဆက်လက်တက်ရောက်ချင်ပါတယ် ၊online class လေး မပြတ်ဖွင့်ပေးစေချင်ပါတယ်ရှင် "
Parent
" Morado year 6 & 9 မှာ သမီး ၂ ယောက်တက်နေတာ အရမ်းအဆင်ပြေပါတယ် ဆရာ သင်ကြားပေးတဲ့ ဆရာမတွေကို ကျေးဇူးတင်ပါတယ်ရှင် အသိမိတ်ဆွေများကိုလဲ ကျောင်းကို ညွှန်ပေးဖြစ်ပါတယ် ကျောင်းကြီးလဲ ဒီ့ထက်မက အများကြီးအောင်မြင်ပါစေ"
Parent
"သားနှစ်ယောက် Year 1 နှင့် Yeat 9 တတ်နေတာ ကျောင်းသား တစ်ယောက် ချင်စီတိုင်း ကို ဆရာမတွေက အထူးဂရုစိုက် လို့ စိတ်ချမ်းသာရတယ် သားတို့လဲစာသင်ရတာ ပျော်ကြတယ် ဆရာ ဆရာမတွေကို ကျေးဇူးတင်ပါတယ် ရှင်"
Parent
"ဆွေမျိုး၊မိတ်ဆွေတွေကို ပြောပြထားပါတယ်။ သူတို့ကတော့ အပ်ဖို့ အဆင်သင့်ပါတဲ့။ ကျောင်းနဲ့ကျောင်းက ဆရာ၊ဆရာမတွေ အားသာချက်တွေကို ပြောပြပေးဖြစ်ပါတယ်။ အားနည်းချက်ဆိုတာလည်း နေရာတိုင်းမှာ ရှိနိုင်သော်လည်း နည်းနိုင်သမျှ နည်းအောင် မိဘများရဲ့အသံကို နားထောင်ပေးပြီး လုပ်ဆောင်ပေးနေတာ မြင်တွေ့ရပါတယ်။ အတန်းတွေတိုးချဲ့တာမြင်ရတော့ ဝမ်းသာရသလို၊ အရင်ကတွေ့ခဲ့သော lesson learned များမှ ယူ၍ ပို၍ တိုးတက်အောင် လုပ်ဆောင်နေမည်ဟု မျှော်လင့်လျက်။ အောင်မြင်ပါစေ။ "
Parent
" Congratulations ပါဆရာ။ ဆရာ့ရဲ့စေတနာတွေနဲ့ တည်ထောင်ခဲ့တဲ့ EDUSN မှာ သားတို့ပညာရေး စိတ်အေးရပါပီ ။ နောက်ထပ် အပ်ဖို့စောင့်နေတဲ့ အသိမိတ်ဆွေတွေကိုလဲ တိကျသေချာတဲ့ သတင်းစကားတွေ ပေးေပးပါတယ် .. EDUSN ဆထက်တိုးလို့ အောင်မြင်ပါစေ ။"
Parent
"ညီမဝမ်းကွဲလေးကိုအပ်ထားပါတယ်ရှင် ကျောင်းရဲ့သင်ရိုးရော learning app ကလည်း ဈေးပိုပေးရတဲ့ IS တွေနဲ့တူနေလို့ ဝမ်းသာရပါတယ် ကလေးတွေ ဈေးတန်ပြီး ကောင်းမွန်တဲ့ learning platform ကိုတည်ဆောက်ပေးလို့ ကျေးဇူးပါ"
Parent
"ပထမတစ်ကြိမ် feedback ပေးခဲ့တာကို ချက်ချင်း အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။ကျမ တို့ မိဘ တွေရဲ့အသံ ကို အလေးထားပေးလို့ကျေးဇူးတင်ပါတယ်။ ကျမ သားက year 3 Sangria ကပါ။ သားတို့အတန်းသင်တဲ့ဆရာမများ အားလုံး ရဲ့ သင်ကြားရေး၊ကလေးတွေအပေါ် တန်းတူဆက်ဆံပေးတာတွေက ကျေနပ်အားရ ရပါတယ်။ ကျေးဇူးလည်း တင်ပါတယ်ရှင်။ "
Parent
" ကျောင်းသားမိဘနေနဲ့ လိုအပ်ချက်တွေကိုပြောပြတဲ့အချိန်မှာသေချာအဆင်ပြေအောင်ချက်ချင်းလုပ်ဆောင်ပါတယ်...ကျေးဇူးအထူးတင်ရှိပါတယ် "
Parent
"ကျေးဇူးတင်ပါတယ်ဆရာ နယ်မြို့လေးမှာနေပေမဲ့ ယခုလိုလက်လှမ်းမှီလေ့လာသင်ကြားခွင့်ရလို့ပိုပြီးကျေးဇူးတင်ရပါတယ်ရှင်..."
Parent
"စာသင်တိုင်း အခန်းအပြင်ထိအောင် ကြားရတဲ့ သမီးရီသံ စာပြန်ဖြေသံတွေက မိဘဖြစ်တဲ့ ကိုယ်တွေကို တကယ်စိတ်ချမ်းသာစေတာအမှန်ပါပဲရှင် ပိုကောင်းတဲ့အစီအစဉ်တွေ စီမံပေးတဲ့ ကျောင်းတည်ထောင်သူနဲ့ ဆရာ ဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်"
Iliana Thuza
" တကယ့် ကိုကျောင်းသား ကျောင်းသူ အပေါစေတနာသာ အဓိကထားတဲ့ ကျောင်းဆိုသာ သားစာသင်ရင်း ဘေးကနေ ကြည့်ယုံနဲ့သိပါတယ် ဆရာကြီး. Tr တွေကလည်း တခါမှ အသံမာနဲ့တောင်မပြောပါဘူး. ကျွန်မ သား ဆိုEdusn online စတက်ရင်းက အရမ်းကိုပျော်ရွှင်နေသော ကျောင်းသားတစ်ယောက်ပါ. Year 1 sangria ကTr အားလုံးကိုလဲ အမြဲဂါရဝ ပြုပါတယ်ရှင့်🙏🙏🙏စေတနာထားတဲ့ EDUSN ကြီးလဲ ဒီထက်အောင်မြင်ပါစေရှင့်😊😊😊 "
Parent
"EDUSN ကိုစထားပီးတည်းက သားလေးဒီလိုကျောင်းမှာတက်လိုက်ရတာကံကောင်းလိုက်တာ ကိုယ်တွေရွေးချယ်တာမှန်လိုက်တာဆိုတာ သားသမီးပညာရေးအကြောင်းပြောတိုင်းထပ်ခါထပ်ခါပြောမိနေရတာ ဆရာကြီးနဲ့တကွ ဆရာဆရာမတွေရဲ့မေတ္တာကိုအပြည့်ဝခံစားရလို့ပါ ခုလိုအကောင်းဆုံးလမ်းပြပေးတဲ့အတွက်လဲ EDUSN ကိုလေးလေးစားစားကျေးဇူးတင်ပါတယ်ရှင့် ကျောင်းကြီးက ကျွန်မဆုမတောင်းရင်တောင်သေချာပေါက်ဒီထက်အဆပေါင်းများစွာအောင်မြင်မယ့်ကျောင်းဆိုတာယုံကြည်ပါတယ် အသိမိတ်ဆွေသားသမီးတွေကို ဒီကျောင်းတက်ဖို့လမ်းညွှန်ပေးလိုက်ရင် ကျေးဇူးတင်လိုက်တာဆိုပီး feedback ကောင်းတွေကြားရလို့ပီတိဖြစ်ရပါတယ်ရှင်❤️"
Parent
"ဒီကျောင်းလေးကိုရွေးမိတာမှန်တယ်လို ့ခံစားမိပါတယ်။year 1 Sangri ကတီချယ်တွေအကုန်လုံးကိုလဲချစ်ပါတယ်။online ကပေမဲ့ classအတွင်းသင်ပေးသလိုစေတနာအရမ်းပါကြပါတယ်။ကလေးတွေကအစသူတို ့တီချယ်လေးတွေဘယ်လိုလေးကအစအမှတ်ပြု။အသားကျနေကြပါတယ်။ကျေးဇူးအများကြီးတင်ပါတယ် (Edusn🥰🥰🥰နှင့်ဆရာကြီး/ဆရာဆရာမများရှင့်)(year 1 ကလေးတွေကိုတော့နည်းနည်းလေးဆွဲခေါ်ပေးကြပါနော်။အရမ်းမြန်ရင်တော့ ကလေးတွေနည်းနည်းလွတ်သွားတတ်လို့ပါ။year 1စတတ်တဲ့ကလေးတွေထဲမှာအသက်နည်းနည်းကွာကြပါတယ်ရှင်။တစ်ချို ့က၇နှစ်ခွဲလောက်ထိရှိကြတော့ သွက်ကြပါတယ်။ငယ်တဲ့ကလေးတွေကိုစောင့်ပီးလက်တွဲခေါ်ပေးတာလဲကျေးဇူးတင်ပါတယ်"
Parent
" EDUSN က courseတွေကအိမ်ကသားရဲ့ဝါသနာနဲ့တထပ်တည်းကျလို့အရမ်းကျေနပ်မိပါတယ်။ဆရာ၊ဆရာမတွေလဲဘာမှပြောစရာမလိုအောင်တော်ကြပါတယ်။online class ဖြစ်တဲ့အတွက်အနယ်နယ်အရပ်ရပ်ကသူငယ်ချင်းတွေနဲ့ရင်းနှီးခွင့်ရတာလဲတန်ဖိုးဖြတ်လို့မရပါဘူး။ခေတ်အခြေနေတွေကောင်းသွားခဲ့ရင်လဲဒီအစုအဖွဲ့လေးမပျောက်ပျက်သွားအောင်စီစဉ်ပေးဖို့တောင်းဆိုပါရစေဗျ။အိမ်ကသားက year 7 ကပါ။ကျေးဇူးတင်ပါတယ် "
Parent
"အမြဲတမ်း မိဘတွေအပေါ်လေးစားဆွေးနွေးပေးတဲ့ ဆရာ နဲ့တကွ တီချယ်တွေကို လဲ အရမ်းကျေးဇူးတင်ပါတယ် ။ ခလေးတွေဟာ တကယ်ကို ဆရာ၊ဆရာမ မျက်နှာ ကို ကြည့်တာ ပါဆရာ သူတို့ ပျော်ရွှင်နေကြတာ တီချယ်တွေရဲ့ ချိုသာ နွေးထွေးတဲ့ ချစ်ခြင်းတွေကြောင့်ပါ ဆရာ ။ year1 sangria က တီချယ်တွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ် 🙏 ။ ဆရာ့ရဲ့ စေတနာတွေနဲ့ EDUSN ကျောင်းကြီး ဆထက်တပိုး အောင်မြင်ပါစေ 🙏"
Parent
"ဆရာကြီးရဲ့ post တွေကိုဖတ်ပြီးမှ Edusn ကို ထားဖြစ်ခဲ့တာပါရှင်၊ ဆရာရဲ့ စိတ်ရင်းစေတနာထားမှုကို တကယ်လေးစားမိပါတယ်၊ ငွေကြေးကို အဓိကမထားပဲ စေတနာအဓိကဆိုတာ မြင်သာပါတယ်၊ မိဘတွေရဲ့ စကားသံကိုနားထောင်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ရပါတယ်ရှင် ၊ Edusn ကျောင်းကြီးလည်းဒီထက်မက အောင်မြင်ပါစေ🙏🙏🙏"
Parent
" EDUSN ဆီကို EDUHOME က တဆင့်ကူးခဲ့တာ မှန်တယ်ဆိုတာ ၂၀၂၀ ခုနှစ် ၈လပိုင်း ကတည်းက သိခွင့်ရခဲ့ပါတယ်ဆရာ ငွေ ပေါများလို့ မဟုတ်ပါဘူး ကလေးအတွက် ဘယ်လို သင်ကြားမှုက အထိရောက်ဆုံး ဖြစ်မလဲ အမြဲ ရှာဖွေနေခဲ့မိတာပါ ကွန်ပျူတာကို သူ့အတွက် ဝယ်တာမဟုတ်ဘဲ EDUSN ကျောင်း စာသင်ခန်းအတွက် အထောက်အကူဖြစ်ခဲ့တာ ကလေးအတွက် အဆင်သင့်ဖြစ်ခဲ့ပါတယ် ဆရာ့ကိုကျေးဇူး တင်နေမိတာ ပါရှင် ဆရာ့ စေတနာနဲ့ လိုက်ပြီးသင်ပေးကြတဲ့ ဆရာ ဆရာမများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် EDUSNကို ရွေးချယ်ခဲ့တာ မှန်တယ်ဆိုတာ ခုချိန်ပိုပြီး မြင်တွေ့ရပါပြီရှင် ကိုဗစ် ကြောင့် အပြင်မထွက်ရတဲ့ သမီးရဲ့ အချိန်တွေ အဆင်ပြေပြေ ဖြတ်သန်းနိုင်ခွင့်ရခဲ့တာအတွက်လဲ ကျေးဇူး တင်နေမိပါတယ် EDUSN ပိုပြီး အောင်မြင်ပါစေ "
Parent
" love it 😍 and appreciate.My daughter is very happy and active at Indigos(y3)"
Parent