မိဘတစ်ယောက် အမေး (၁) ကျောင်းက ဘာ ဘာသာရပ်တွေ သင်ပေးလဲ။
EDUSN အဖြေ (၁) ပုံမှန်အားဖြင့် အင်တာနေရှင်နယ်စကူးလ်တွေ အတိုင်း Core Subjects အဓိက ဘာသာရပ်တွေဖြစ်တဲ့ English, Maths, Science တွေက အတူတူပါပဲ။ Global Perspectives, Art and Design, ICT & Coding တွေကတော့ တစ်ကျောင်းနဲ့ တစ်ကျောင်း မတူနိုင်ပါ။ IT based school ကျောင်းဖြစ်တဲ့ အတွက် Coding, Programming, Web Development နဲ့ Digital Skills တွေကို Primary ကနေ စတင်သင်ကြားပါတယ်။ Coding ကို Year1 ကနေ စတင်သင်ကြားပါတယ်။ Programming နဲ့ Web development ကိုတော့ Year 4 ကနေ စတင်သင်ကြားပါတယ်။
မိဘတစ်ယောက်အမေး (၂) နယ်ကနေ တက်လို့ရပါသလား၊ Virtual School အွန်လိုင်းအနေနဲ့ရော အမြဲသွားဖို့ရှိပါသလား။
EDUSN အဖြေ (၂)
ဟုတ်ကဲ့ ရပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်ဒေသက မဆိုရပါတယ်။ Virtual School နဲ့
အမြဲဖွင့်သွားမှာပါ။ သို့သော် စာမေးပွဲ နဲ့ အခြား,Practical , activities နဲ့
ကျောင်း event ပွဲတွေ ရှိခဲ့ရင် တက်ရောက်နိုင်ရပါမယ်။ မိမိ နယ်နဲ့ အနီးဆုံး
ကျောင်း(ဥပမာ - နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည်) ဆီ ကို လာရောက်နိုင်ရပါမယ်။
မိဘ တစ်ယောက် အမေး (၃)
ကျောင်းက Virtual School အနေနဲ့ တက်မယ်ဆိုရင် အဆင်ပြေပါ့မလား၊ အရည်အချင်း
ရှိနိုင်ပါ့မလား?
EDUSN အဖြေ (၃)
EDUSN Digital School ဟာ Solid Blended Learning Portal တည်ဆောက်ထားပြီး၊
ကျောင်းသားများနဲ့ ဆရာ၊ ဆရာမ များ၊ ကျောင်းဝန်းထမ်း များနဲ့ မိဘ များ
အချိန်မရွေး မေးမြန်းနိုင် တွေ့ဆုံနိုင်အောင် ဆိုရှယ်မီဒီယာ ကဲသို့
ပြုလုပ်ထားတဲ့အတွက် ဗီဒီယို၊ အသံ၊ စာမက်စေ့ နှင့် ရုပ်ပုံများ ပါ အလွယ်တကူ
အပြန်အလှန် ဆက်သွယ်နိုင်ပြီး၊ အမြဲတမ်း အွန်လိုင်းအဖြစ် မြင်နေရမှာဖြစ်ပြီး၊
ပြီးပြည့်စုံတဲ့ နည်းပညာ နဲ့ သင်ကြားနေခြင်းဖြစ်ပါတယ်။
ကျောင်းသား များကို အိမ်စာပေးရာမှာလည်းကောင်း၊ Assignment ပေးရာမှာ လည်းကောင်း၊
Test များ ဖြေဆိုရာတွင်လည်းကောင်း လျှင်မြန်လွယ်ကူစေသလို၊ ကျောင်းသား၊
ကျောင်းသူများ မှလည်း ဆိုရှယ်မီဒီယာကဲသို့ မိမိတို့စိတ်ကြိုက် Group
ဖွဲ့နိုင်ပြီး၊ အချင်းချင်း အတူတကွ ဆွေးနွေးနိုင် လေ့လာနိုင်ကြပါတယ်။
ကျောင်းသားများ ၏ Activities များ၊ ကျောင်းတက်ရောက်မှု၊ အွန်လိုင်း
အက်ပလီကေးရှင်း သုံးစွဲမှုနဲ့ Assignment တင်ခြင်း စတဲ့ ကျောင်းသားများ
လှုပ်ရှား မှု အလုံးစုံကို နည်းပညာမြင့် အက်ပလီကေးရှင်းများအသုံးပြု၍
အတန်းပိုင်ဆရာ၊ ဆရာမ များ နှင့် ကျောင်း အုပ်ချုပ်သူ များ မှ အမြဲတမ်း Tracking
လုပ်နိုင်ပါတယ်။
နေ့စဉ်သင်သမျှ သင်ခန်းစာများကိုလည်း ကျောင်းသား တစ်ဉီးဉီးမှ သော်လည်ကောင်း၊ ဆရာ
မှ သော်လည်းကောင်း Video Recording များ Record လုပ်ထားနိုင်တဲ့ အတွက်
classroom ထဲတွင် အချိန်မရွေး ပြန်လည် ကြည့်ရှုနိုင်သလို မိမိ စက်ထဲကိုလည်း
အလွယ်တကူ Download လုပ်ထားနိုင်ပါတယ်။
ဒါကြောင့် ကျောင်း သား တွေရဲ့ နေ့စဉ် သင်ကြားမှုများကို စောင့်ကြည့်နိုင်ခြင်း၊
ကျောင်းသား တစ်ဉီးချင်းစီကို ပြန်လည် လေ့လာနိုင်ခြင်း တို့ကြောင့် ၁၀၀
ရာခိုင်နှုန်းနီးပါး On Campus တွေကဲသို့ အဆင်ပြေပြေ သင်ယူနိုင်ကြောင်း
မိဘတွေဆီကလည်း Feedback ကောင်းတွေ ရရှိထားပါတယ်။
မေးခွန်းများကို ဆက်လက် ဖြေကြား တင်ပြသွားပါမယ်။
မေးမြန်းသူများ အား ကျေးဇူးအထူးတင်ပါတယ်။
ထပ်မံသိရှိလိုပါက
+95 (09) 79 3333 550, 09 881 555 660, 09 881 555 770, 09 881 555 880, 09 881 555 990 info@edusn.co.uk, office@edusn.co.uk