thumb

(၁) ကွန်ပျူတာ

အနိမ်ဆုံး ပုံဆွဲနိုင်တဲ့ တက်ဘလက် ရှိရပါမယ်။ ဒေါ်လာ ၅၀ မှ ၁၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။

(၃) ယူနီဖောင်း

ကျောင်းဘက်မှ ယူနီဖောင်းများ စတင်ပြင်ဆင်နေသော်လည်း အချိန်မီ မရနိုင်ပါက - အ င်္ကျီ အဖြူ, လုံချည်(စကတ်, ဘောင်းဘီ) နက်ပြာ, နက်ကထိုင်နက်ပြာ တစ်စုံစာ စီစဉ်ထားပါ

(၄) အင်တာနက် (ဝိုင်ဖိုင်)

လိုင်းဆွဲအား အနိမ့်ဆုံး 20Mbps ရှိရပါမယ်။ 30Mbps ဆိုရင် ပိုအဆင်ပြေပါတယ်။

(၅) စာသင်ရာတွင် မိမိအိမ်အတွင်း, ပတ်ဝန်းကျင် ဆူညံမှုမရှိစေရန်, အခန်းသီးသန့် သို့မဟုတ် သီးသန့်ကာရံထားပေးရပါမယ်။

လိုအပ်တဲ့ စာအုပ်များကို Level Test ဖြေပြီး Result ပေါ်မှာကြည့်၍ ဝယ်ယူနိုင်ပါတယ်။ ဝယ်ယူရာတွင် မိမိအစီအစဉ်ဖြင့် ဆိုင်ရာစာအုပ်တိုက်များမှ စုံစမ်းဝယ်ယူနိုင်ပါတယ်။ ကျောင်းသားများ၏ သင်ရိုးစာအုပ်များကို Cambridge Curriculum Based ထား၍ သင်ကြားပါတယ်။ EDUSN ကျောင်းသည် Primary မှစ၍ ကျောင်းသားတိုင်း ကွန်ပျူတာ မဖြစ်မနေ သုံးရန် တိုက်တွန်းထားပြီး, Complete Blended Learning Portal ကို Microsoft School Approved အနေနဲ့ မြန်မာပြည်တွင် ပထဆုံးရရှိထားသည့်ကျောင်းဖြစ်သလို, မြေပြင်ပေါ်မှ ကျောင်းများကဲ့သို့ အပြည့်အဝ စာသင်ကြားနိုင်ပါတယ်။ ကျောင်းသားအချင်းချင်း, ဆရာ, ဆရာများ နဲ့ အမြဲထိတွေနိုင်တဲ့ အပြင် ဆိုရှယ်မီဒီယာ တစ်ခုသဖွယ် တည်ဆောက်ထားတဲ့ အတွက် အချိန်မရွေး, အုပ်စုဖွဲ့၍ အပြန်အလှန် ဆွေးနွေးစကားပြောနိုင်ခြင်း၊ သင်ပြီးသား များကို Recording များ portal တွင် ကျန်ခဲ့၍ ပြန်လည် ကြည့်ရှုနိုင်ခြင်း, Assignments, Grading, Attendance နှင့် အခြားသော Activities များ Portal မှာတင် တိုက်ရိုက် ပြုလုပ်နိုင်ပါတယ်။ EDUSN ကျောင်းသည် ဒစ်ဂျစ်တယ်စကူးလ် ဖြစ်တဲ့ အတွက် Primary Year 1 မှစတင်၍ ICT, Coding များကို စနစ်တကျသင်ကြားနေတဲ့ ကျောင်းဖြစ်ပါတယ်။ Year အလိုက် ICT, Coding, Programming, Web Developing များကို ချိတ်ဆက်သင်ကြားရာတွင် ပြည်တွင်းကွန်ပျူတာ တက္ကသိုလ်မှာ ဒေါက်တာဘွဲရများ, နိုင်ငံတကာ မှ မာစတာဘွဲ့ရများနှင့် ပြည်ပလုပ်ငန်းခွင်တွင် လက်တွေ့ အတွေ့အကြုံများ ရှိတဲ့ ဆရာများ ဦးစီးပြိး EDUSN ကို ထူးခြားတဲ့ ကျောင်း တစ်ကျောင်းဖြစ်အောင်ကြိုးစားနေပါတယ်။
—— EDUSN Digital School