thumb

EDUSN Digital School က ဘာကျောင်းလဲ

နိုင်ငံတကာ သင်ရိုးများကို အခြေခံ၍ (အထူးသဖြင့် UK awarding body များ ၏ သင်ရိုး အတိုင်း) တစ်နှစ်ပတ်လုံးသင်ကြားပြီး၊ နိုင်ငံတကာ စံနှုန်း အတိုင်း အတန်းတင်စနစ် (Assessment system) ကျင့်သုံးခြင်း၊ စာမေးပွဲ စစ်ခြင်း တို့ကို သက်ဆိုင်ရာ Assessment International တို့ စနစ် အတိုင်း လေ့ကျင့် သင်ကြားလျက်ရှိသော International High School (Primary to IGCSE, AS & A Level) ကျောင်းဖြစ်ပါတယ်။

ဘာတွေ သင်ကြားလဲ

English, Mathematics, Science, Global Perspectives, Art & Design, Digital Literacy, ICT & Coding, Web development and Myanmar Language (Primary to Lower Secondary, Year 1 to 9)

ဒီ ကျောင်းရဲ့ ထူးခြားမှုက ဘာလဲ

ear 1 (Age 6) က စပြီး Coding ကို ကျောင်းသင်ရိုးထဲ ထည့်သင်ပေးပြီး၊ Year 4 (Age 9) က စတင်၍ Programming Language တွေ စတင် သင်ကြားပါတယ်။ Digital School ဖြစ်တဲ့ အတွက် Digital Education ခေတ်မှာ အထက်တန်းမပြီးခင် Application နဲ့ Games များ ကို ကိုယ်တိုင် ရေးသားနိင်စေရန် ရည်ရွယ်လေ့ကျင့်ပေးနေခြင်းဖြစ်ပါတယ်။

ကျောင်းချိန်တွေက ဘယ်အချိန်တွေလဲ

Evenings : Monday to Friday ( 4:30 PM to 8:30 PM, or 4:30 PM to 8:45 PM
Weekends : Friday (4:30 PM to 8:45 PM) SAT to SUN ( 9:00 AM to 4:00 PM)
Weekdays : Monday to Friday (9:00 AM to 2:30 PM)

ကျောင်းလခတွေ ဘယ်လောက်လဲ၊ ဘယ်လိုပေးသွင်းရသလဲ

အရစ်ကျ ပေးသွင်းတက်ရောက်နိုင်ပါတယ်။ ကျောင်းလစာ ကို မြန်မာနိုင်ငံ မှာ အသက်အသာဆုံး နဲ့ စီစဉ်ပေးထားသလို၊ အဆင့်မီတဲ့ ပညာရေးကိုလည်း ပုံဖေါ်နိုင်ဖို့ ကြိုးစားနေပါတယ်။
အသေးစိတ်ကြည့်ရန်

ကျောင်းဝတ်စုံကြေးနဲ့ စာအုပ်ဖိုးတွေ ပေးသွင်းရပါသလား

ပေးသွင်းရပါတယ်။

စာသင်ခန်းတစ်ခန်းကို ကျောင်းသား ဘယ်လောက်ထားပါသလဲ

ပုံမှန်အားဖြင့် (Virtual School အနေနဲ့) ၁၇ ယောက်သာ လက်ခံပါတယ်။

အစိုးရကျောင်းနဲ့ တွဲတက်လို့ရပါသလား

တက်နိုင်ပါတယ်။ ညနေပိုင်း ကျောင်းချိန်တွေ ရွေးချယ်တက်ရောက်နိုင်ပါ တယ်။

အင်္ဂလိပ်စာ အားနည်းတဲ့ ကလေးတွေ တက်လို့ရပါသလား

အင်္ဂလိပ်စာ အားနည်းတဲ့ ကလေးတွေ အတွက် သီးခြား အပိုအချိန်တွေ ခေါ်ပေးပြီး ဘာသာစကား အခက်အခဲ မှ ကျော်လွှားနိုင်အောင် လေ့ကျင့် သင်ကြားပေးပါတယ်။

ကျောင်းတက်ခွင့်ရဖို့ စာမေးပွဲစစ်ဆေးပါသလား

Level Test (English, Math) နှစ်ဘာသာ စစ်ဆေးပါတယ်။ လူတွေ့ခေါ် စစ်ဆေးပါတယ်။

ဘယ်အရွယ်က စလက်ခံပါသလဲ

Lower Primary (Age 5) Primary (Age 6 to 11)
Lower Secondary (Age 12 - 14)
IGCSE (Age 15 -16)
A Level (Age 17 - 18)

ဘယ်လိုဆရာတွေ နဲ့သင်ကြားပါသလဲ

အင်တာနေရှင်နယ်စကူးလ် တွင် သင်ကြားမှု အတွေ့အကြုံရှိသော၊ ပညာရေးဆိုင်ရာ နိုင်ငံတကာ ဘွဲ့ ဒီပလိုမာ ရရှိထားကြသော ဝါရင့် ဆရာ၊ ဆရာမ များနှင့် အင်တာနေရှင်နယ် ကောလိပ်များတွင် သင်ကြားနေ သော ကွန်ပျူတာ အိုင်တီ ဘွဲ့ရ ဆရာ၊ ဆရာမ များ ပါဝင်သင်ကြားနေပါ တယ်။

ကျောင်းတက်ဖို့ ဘာတွေ လိုအပ်ပါသလဲ

အိုင်တီအခြေခံ Digital School ဖြစ်တဲ့ အတွက် ကျောင်းတက်မယ့် ကျောင်းသားတိုင်း ကွန်ပျူတာ ရှိဖို့လိုအပ်ပါတယ်။ (ကွန်ပျူတာမှာ RAM 8GB ရှိလျှင် ပို အဆင်ပြေပါတယ်)
Virtual Classroom ဖြစ်တဲ့ အတွက် အင်တာနက် လိုင်း ကောင်းဖို့လိုအပ်ပါတယ်။ (အနည်းဆုံး 20Mbps လိုင်းရှိရင် အဆင်ပြေပါတယ်)

ကျောင်းရာသီက ဘယ်အချိန်တွေ ပါလဲ

ပုံမှန်က On Campus အနေနဲ့ နှစ်စဉ် မေလ မှာ စတင်မှာ ဖြစ်သော်လည်း ၊ Virtual Campus အနေနဲ့ နှစ်စဉ် မတ်လ တစ်ကြိမ် နဲ့ ဇွန်လ တစ်ကြိမ် ဖွင့် လှစ်ပါတယ်။

ဘယ်မှာ ရှိတာလဲ၊ ဘယ်ကနေ တက်လို့ရပါသလဲ

ရုံးချုပ်က နေပြည်တော်မှာ တည်ရှိပြီး၊ On Campus အနေနဲ့ ရန်ကုန်၊ မန္တလေး နဲ့ တခြား မြို့ကြီးတွေ မှာ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
Virtual School အနေနဲ့လည်း တက်ရောက်နိုင်တဲ့ အတွက် ဘယ်ဒေသ၊ ဘယ်နိုင်ငံ၊ ဘယ်နေရာက မဆို တက်ရောက်နိုင်ပါတယ်။

IGCSE သို့မဟုတ် A level ပြီးလျှင် နိုင်ငံတကာ ကျောင်း၊ သို့မဟုတ် ပြည်တွင်းနိုင်ငံတကာ ကျောင်းတွေ တက်လို့ရပါသလား

IGCSE ပြီးလျှင် Foundation ဆက်လက်တက်ရောက်နိုင်ပြီး၊ A Level ပြီး လျှင် Ofqual (UK) အောက်ရှိ အင်္ဂလန် တက္ကသိုလ် များနှင့် Australia, USA, Canada နိုင်ငံများ၏ ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင် ပါ တယ်။